|

" Sapal Road Concrete Work"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been Constructed Road at Sapal Road since June 2022. It is 4900 feet ; learnt that it will be finished on September 2022. Contact us for more details; Email.bcc.atop@gmail.com hone - Phone - +959 ~ 40 88 66 811 40 88 66 822 40 88 66 833 40 88 66 855


" Six Units Four Storeyed ( 2 Beds ) RCC Residential Building"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Six Units Four Storeyed ( 2 Bed ) RCC Residential Building at Ministry of Mines ( Pyinmana ) since December 2020. It is 21048 square feet , made of RC Structure; learnt that it will be finished on October 2021. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Three Storeyed RCC Dortimory Building"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Three Storeyed RCC Dortimory Building at Nursing Training School ( Nay Pyi Taw ) since December 2020. It is 24320 square feet , made of RC Structure; learnt that it will be finished on September 2021. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Four Units Five Storeyed RCC Residential Building"


Thu Kha Waddy Housing Estate ( Nay Pyi Taw ) ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Four Units Five Storeyed RCC Residential Building at Thu Kha Waddy Housing Estate ( Nay Pyi Taw ) since December 2020. It is 17467.5 square feet , made of RC Structure; learnt that it will be finished on December 2021. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Nay Pyi Taw"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Nay Pyi Taw Development Bank ( Lewei ) at Nay Pyi Taw since August 2020. It is 2800 square feet , made of RC Structure; learnt that it will be finished on January 2021. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Thantaman Zone Road Concrete Work"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been Constructed Road at Thantaman Zone since March 2020. It is 18790 feet ; learnt that it will be finished on July 2020. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Four Units Four Storeyed RCC Residential Building"


Thu Kha Taw Win Housing Compound at Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Four Units Four Storeyed RCC Residential Building at Thu Kha Taw Win Housing Compound ( Nay Pyi Taw ) since December 2019. It is 10536 square feet , made of RC Structure; learnt that it will be finished on October 2020. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Six Units Four Storeyed ( 3 Beds ) RCC Residential Building"


Nay Pyi Taw ( 16-03-2025 )       Share on Facebook

ATOP Conctruction Which is one of the ACE Group of Companies has been building Six Units Four Storeyed ( 3 Beds ) RCC Residential Building at Nay Pyi Taw since December 2019. It is 11560 square feet , made of RC Structure; learnt that it will be finished on October 2020. Contact us for more details; Email.bcc.atop@gmail.com Phone - 067-8100104


" Central Naypyitaw Complex တည်ဆောက်ခြင်း ၊ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်း"


ACE Construction Group ( 16-03-2025 )       Share on Facebook

Central Naypyitaw Complex တည်ဆောက်ခြင်း ၊ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်း


" ဓမ္မဝိနယစင်တာ ပညာဘူမိ တက္ကသိုလ်တည်ဆောက်ခြင်း ၊ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်း"


ACE Construction Group ( 16-03-2025 )       Share on Facebook

ရန်ကုန်တိုင်း လှည်ကူးမြို့နယ်ရှိ ဓမ္မဝိနယစင်တာ ပညာဘူမိ တက္ကသိုလ်တည်ဆောက်ခြင်း ၊ ခြံစည်းရိုးခတ်ခြင်း လုပ်ငန်း


" နေပြည်တော် ဥတ္တရသီရိမြို့နယ် ဝဇီရာ နန္ဒ ဓမ္မစင်တာ စံကျောင်းဆောင် ၊ အုပ်ချုပ်မှုဆောင် ၊ စာသင်ဆောင် ၊ သုံးထပ် သံဃာဆောင် ၊ သိမ်တော် တည်ဆောက်ခြင်းလုပ်ငန်း"


ACE Construction Group ( 16-03-2025 )       Share on Facebook

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဝဇီရာ နန္ဒ ဓမ္မစင်တာ စံကျောင်းဆောင် ၊ အုပ်ချုပ်မှုဆောင် ၊ စာသင်ဆောင် ၊ သုံးထပ် သံဃာဆောင် ၊ သိမ်တော် တည်ဆောက်ခြင်းလုပ်ငန်း


" Complain Section ဖွင့်လှစ်ကြောင်းကြေငြာခြင်း"


ACE Construction Co.,Ltd ( 16-03-2025 )       Share on Facebook

၁။ ကုမ္ပဏီ၏ Register Contractor များ၊ CG အဖွဲ့များ၊ CDT အဖွဲ့များ၊ QC အဖွဲ့များနှင့် Store အဖွဲ့များ၏အခက်အခဲများ ၊ မပြေလည်မှုများကို အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။
၂။ Register Contractor များအနေဖြင့် သက်ဆိုင်ရာ CG နှင့် CDT အဖွဲ့များနှင့် ညှိနှိုင်း၍ မပြေလည်မှုများ ၊ နစ်နာမှုများ ၊ အခက်အခဲများကို ဤ Complain Section သို့ ပူးတွဲပါ Form တွင် ဖြည့်သွင်း၍ တိုင်ကြားနိုင်ပါသည်။
၃။ CG အဖွဲ့များ၊ CDT အဖွဲ့များ၊ QC အဖွဲ့များနှင့် Store အဖွဲ့များမှလည်း Register Contractor များ၏သတ်မှတ်စည်းကမ်းများ မလိုက်နာမှုများအတွက် ဒဏ်တပ်နိုင်ရေး Complain Section သို့ Form ဖြည့်သွင်း၍တင်ပြနိုင်ပါသည်။
၄။ တိုင်ကြားလာသော Complain များကိုဤ Complain Section မှ အမြန်ဆုံးဖြေရှင်း၍ Action ယူနိုင်ရေ:ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းဆောင်ရွက်ချက်များကိုလည်း သက်ဆိုင်ရာ Register Contractor များနှင့် အဖွဲ့များထံ တရား၀င်အကြောင်းကြား ပေးမည်ဖြစ်ပါသည်။
ဆက်သွယ်ရန်-
Email - complainsection.ace@gmail.com
BCC Ph No - 067 8100104, 067 8100105
Office - Construction Office B1-303 (Safety & QC Section)


" ကန်ထရိုက်တာ ၊ အင်ဂျင်နီယာ များနှင့် တွေ့ဆုံခြင်း"


ဝဇိရာနန္ဒ (သုဗောဓာရုံ ) ကျောင်းတိုက် ( 16-03-2025 )       Share on Facebook

အောက်တိုဘာလ ၂၁ ရက် ၂၀၁၇ ခုနှစ် တွင် A.C.E Group of Companies ၏ Senior President U Tint Hsan သည် A.C.E Construction မှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသော နေပြည်တော် ဥတ္တသီရိ မြို့နယ် ခွာညိုပန်းအ ဝိုင်းအနီးရှိ ဝဇိရာနန္ဒ (သုဗောဓာရုံ ) ကျောင်းတိုက် အဆောက်အဦတွင် A.C.E Construction မှ ကန်ထရိုက်တာများ ၊ စီနီယာ အင်ဂျင်နီယာများ ၊ အင်ဂျင်နီယာအသစ်များ နှင့် တွေ့ဆုံ ပြီး အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ၊ ကန်ထရိုက်တာလုပ်ငန်းဆိုင်ရာများကိုလမ်းညွှန်မှာကြားခဲ့ပါသည်။
အသေးစိတ်သိရှိလိုပါက
Website:www.aceconstructionmm.com
Email.bcc@aceconstructionmm.com
Phone:067-8100104 တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။


" Update News"


ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ နှစ်ထပ်ဆောင်အသစ်တည်ဆောက်ခြင်း ( 16-03-2025 )       Share on Facebook

ACE Group of Company ၏ကုမ္ပဏီတစ်ခုဖြစ်သော A-Top Company သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ​​ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ နှစ်ထပ်ဆောင်အသစ်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ် မတ်လမှစတင်၍ ဆောက်လုပ်လျက်ရှိပါသည်။ အ​ဆောက်အဦအမျိုးအစားမှာ Steel Structure အဆောက်အဦအမျိုးအစားဖြစ်ပြီး အ​ဆောက်အဦ၏ အကျယ်ဝန်းမှာ (၉၇၉၄) စတုရန်းပေ ဖြစ်ပါသည်။ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ နှစ်ထပ်ဆောင်အသစ်တည်ဆောက်ရေးလုပ်ငန်းအား ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက
Website:www.aceconstructionmm.com
Email.bcc@aceconstructionmm.com
Phone:067-8100104 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။


" Update News"


လှည်းကူးမြို့နယ် ၊ ငါးဆူတောင် ဓမ္မ၀ိနယစင်တာ ( 16-03-2025 )       Share on Facebook

ရန်ကုန်- မန္တလေးအမြန်လမ်း (၇)မိုင် (၆)ဖာလုံ မိုင်တိုင်အနီး ၊ ငါးဆူတောင်​ဒေသ၊ လှည်ကူးမြို့နယ်တွင် ဓမ္မ၀ိနိယစင်တာ တည်ဆောက်ခြင်းလုပ်ငန်းကို ACE Construction Group ကုမ္ပဏီမှ တာ၀န်ယူဆောက်လုပ်လျှက်ရှိပါသည်။အဆိုပါကျောင်းတိုက်ကြီးတွင် ဆရာတော်ကြီးစံကျောင်း ၊ သိမ်တော် ၊ ဓမ္မာရုံ ၊ သံဃာဆောင် ၊ အုပ်ချုပ်မှုဆောင် ၊ စာသင်ဆောင် ၊ အမျိုးသမီးယောဂီဆောင် ၊ အမျိုးသားယောဂီဆောင် ၊ ဆေးခန်း ၊ ဆွမ်းစားဆောင် စသည့်အဆောက်အဦများအား (၂.၉.၂၀၁၅)တွင်စတင်ပြီး (၁၃.၃.၂၀၁၆)တွင် တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ယခုအခါတွင် ထပ်တိုးလုပ်ငန်းများအနေဖြင့် ဧည့်ဆရာတော်ဆောင် (၂) လုံး ၊ စေတီတော် ၊ ပိဋကတ်တိုက်နှင့် သုတေသနစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ ဧည့်ဆရာတော်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းကို (၁၀.၃.၂၀၁၇) တွင်စတင်ပြီး (၁၅.၁၀.၂၀၁၇)တွင်ပြီးစီးမည်ဖြစ်ပါသည်။ စေတီတော်တည်ဆောက်ခြင်းလုပ်ငန်းကို (၁.၂.၂၀၁၇) တွင်စတင်ပြီး (၃၀.၁၀.၂၀၁၇)တွင်ပြီးစီးမည်ဖြစ်ပါသည်။ ပိဋကတ်တိုက်နှင့် သုတေသနစာကြတည်ဆောက်ခြင်းလုပ်ငန်းကို (၂၆.၃.၂၀၁၇) တွင်စတင်ပြီး (၂၈.၂.၂၀၁၈)တွင်ပြီးစီးမည်ဖြစ်ပါသည်။
ဤကဲ့သို့ အဆင့်မီဘာသာရေးနှင့် သာသနိကအဆောက်အဦများကိုလည်းACE Construction Group ကုမ္ပဏီမှ တာ၀န်ယူတည်ဆောက်ပေးနိုင်ကြောင်းနှင့် ကုသိုလ်ယူလိုသူအလှူရှင်များ ဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Website:www.aceconstructionmm.com
Email.bcc@aceconstructionmm.com
Phone:067-8100104 တို့တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။


" Update News"


ဇီးကုန်းနှစ်ထပ်ဆေးကုသဆောင်တည်ဆောက်ခြင်း ( 16-03-2025 )       Share on Facebook

ACE Construction Company သည် ပဲခူးတိုင်း ​​​ဒေသကြီး သာယာဝတီခရိုင်၊ ဇီးကုန်းမြို့တွင် နှစ်ထပ်ဆေးကုသဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်လျက်ရှိပါသည်။ အဆောက်အဦ အမျိုးအစားမှာ RC Concrete အမျိုးအစား ဖြစ်ပါသည်။ဆေးကုသဆောင်၏ အကျယ်အဝန်းမှာ (၇၇၇၂) စတုရန်းပေ ဖြစ်ပါသည်။ ၎င်း အဆောက်အဦ အား ၂၀၀၇ ခုနစ် အောက်တိုဘာလတွင် ပြီးစီးမည်ဟု သိရပါသည်။
အသေးစိတ်သိရှိလိုပါက
Website:www.aceconstructionmm.com
Email.bcc@aceconstructionmm.com
Phone:067-8100104 တို့တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။


" Update News"


လျှောက်လွှာပုံစံ ( 16-03-2025 )       Share on Facebook

A.C.E Construction Company သည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အမျိုးမျိုးသော အဆောက်အဦ ဗိသုကာပညာရပ်များနှင့် လိုက်လျောညီထွေသော အင်ဂျင်နီယာ ကျွမ်းကျင်သူများအား ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် ကုမ္ပဏီအတွင်း နိုင်ငံတကာ အသိအမှတ်ပြု နည်းစနစ်တကျ ဖွဲ့စည်းမှုများ၊ ၀န်ထမ်းများ၏ အရည်အချင်း ၊ အရည်အသွေး တိုးတက်လာစေရန်နှင့် ကျွမ်းကျင်၀န်ထမ်းများ မွေးထုတ်နိုင်ရန် အတွက်လည်း နည်းပညာသင်တန်းများ ၊ အင်ဂျင်နီယာသင်တန်းများ၊ ရုံးလုပ်ငန်းဆိုင်ရာသင်တန်းများ ၊ လုပ်ငန်းခွင်အန္တရယ် ကင်းရှင်းရေးအတွက် Safety သင်တန်းများ ၊ Structure သင်တန်းများ ၊ စာရင်းအင်းသင်တန်းများ ၊ အင်္ဂလိပ် စကားပြော သင်တန်းများ ၊ BCC သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည် ။
အတူလက်တွဲ ပူးပေါင်းလုပ်ကိုင်ချင်သော အင်ဂျင်နီယာ များအနေဖြင့် ကုမ္ပဏီ မှ သတ်မှတ်ထားသော CV Form များကို ဖြည့်စွက်၍ လူကိုယ်တိုင် ( သို့မဟုတ် ) Online မှ တဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက
Website:www.aceconstructionmm.com
Email.bcc@aceconstruct ionmm.com
Phone:067-8100104 တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။


" Update News"


ISO 9001:2015 Certificate ( 16-03-2025 )       Share on Facebook

ACE Group of Company ၏ကုမ္ပဏီတစ်ခုဖြစ်သော ACE Construction Group Company Limited သည် ISO 9001:2015 certificate ရရှိရေးအတွက်ဆောင်ရွက်ထားရှိမှုများအား ထိုင်းနိုင်ငံ Bureau Veritas Co.,Ltd မှ တာ၀န်ရှိသူများအဖွဲ့မှ လာရောက်၍ စစ်ဆေးမှုများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့်် ACE Construction Group Company Limited သည် ISO 9001:2015 certificate အားလက်ခံရရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ကြီးမားသော အခွင့်အရေးနှင့် အကျိုးအမြတ်များ ရရှိနိုင်သည့်အတွက် ကျွန်ုပ်တို့ ACE Construction Company နှင့် အကျိုးတူပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမှုပြုလုပ်လိုသူများအား လှိုက်လှဲစွာ ကြိုဆိုလျက် ရှိပါသည်။ အသေးစိတ်သိရှိလိုပါက www.aceconstructionmm.com bcc@aceconstrucionmm.com Phone: 067-8100104 တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည် ။


" Pre-Inspection for ISO "


Nay Pyi Taw ( 7.6.2017 )       Share on Facebook

A.C.E Group of Company ၏ ကုမ္ပဏီတစ်ခုဖြစ်သော A.C.E Construction Group ISO လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ထိုင်းနိုင်ငံ Bureau Veritas Co., Ltd ကုမ္ပဏီမှ Mr. Maroot Juarthong နှင့် Mr. Dhanawat Pholsilp တို့(၂)ဦးမှ မေလ(၆)ရက်နေ့တွင် တာဝန်ရှိသူးများနှင့် A.C.E Construction Group မှတာဝန်ရှိသူးများမှ ISO ရရှိရေး စီစဉ်ဆောင်ရွက်ထားမှုများအား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။


" News "


Nay Pyi Taw ( 30.5.2017 )       Share on Facebook

A.C.E Group of Companies ၏ ကုမ္ပဏီတစ်ခုဖြစ်သော A-Top ကုမ္ပဏီသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံနှစ်ထပ်ဆောင် တည်ဆောက်ရေးစည်မံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်စတင်အကောင်အထည်ဖေါ် တည်ဆောက်လျက်ရှိကြောင်းသိရှိရပါသည်။အဆောက်အဦ အမျိုးအစား မှာ steel structure အဆောက်အဦဖြစ်ပါသည်။ ကျွန်ုပ်တို့ A.C.E ကုမ္ပဏီသည် လုပ်ငန်းရှင်တို့မျော်မှန်းထားသည်ထက်ပိုသောဝန်ဆောင်မှု ပေးချင်းတို့ဖြင့် လုပ်ငန်းရှင်တို့စိတ်ကျေနပ်မှုရရှိစေရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်လူကြီးမင်းတို့ ၏လုပ်ငန်းများတိုးတက်အဆင်ပြေစေဖို့ A.C.E ဆောက်လုပ်ရေးကုမ္ပဏီနှင့်ယုံကြည်စွာလက်တွဲလိုက်ပါ။


" News "


Nay Pyi Taw ( 26.5.2017 )       Share on Facebook

Senior President ဦးတင့်ဆန်း၏လမ်းညွန်ချက်အရ ACE Construction Group ကုမ္ပဏီမှဝန်ထမ်းများအား နိုင်ငံတကာအဆင့်မှီဆောင်ရွက်နိုင်ရန်သင်တန်းများကိုဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။မြန်မာ-တရုတ်ပူပေါင်းဆောက်ရွက်သည့် ပန်ရံသင်တန်း၊ လက်သမားသင်တန်း၊ သံထည်သင်တန်း ၊ လျပ်စစ်သင်တန်း၊ Wall Putty နှင့်​ကြွေပြားPointing သင်တန်း၊ သင်တန်းဖွင့်ပွဲအခန်းအနားကို မေလ ၂၃ ရက်နေ့ ACE Group of Company ၏ကုမ္ပဏီခွဲဖြစ်သော Hotel Royal ACE အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုပ်လုပ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲသို့ Senior President ဦးတင်ဆန်းမှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ဖွင့်ပွဲသို့ CEO ၊ ကုမ္ပဏီများမှ MD များ ၊ဌာနဆိုင်ရာ ဝန်းထမ်းများ ၊သင်တန်း သားများတက်ရောက်ခဲ့ကြပါသည်။တက်ရောက်ခဲ့သော ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့်တည်းခင်းကျွေးမွေးခဲ့ပါသည်။ ဇွန်လ(၄)ရက်နေ့တွင်သင်တန်းပြီးဆုံမည်ဖြစ်ပါသည်။


" Update News "


Nay Pyi Taw ( 16.5.2017 )       Share on Facebook

နေပြည်တော်ဥတ္တသီရိမြို့နယ် ခွာညိုပန်းအဝိုင်းအနီးအတွင်း မြေဧရိယာ ၂၀.၈၂၆ ဧကအကျယ်အဝန်းရှိသော ဝဇီရာနန္ဒ(သုဗောဓာရုံ)ကျောင်းတိုက်ကြီးကို ကျွန်ုပ်တို့ A.C.E Construction Group မှတာဝန်ယူဆောက်လုပ်မည်ဖြစ်ပါသည်။ကျောင်းတိုက်ကြီးတွင်၊ဆရာတော်ကြီးစံကျောင်း၊သိမ်တော်၊ဓမ္မရုံ၊ ဧည့်ဆရာတော်ကြီးဆောင်၊ သံဃာဆောင်၊ အုပ်ချုပ်မှုးဧည့်ဆောင်၊ စာသင်ဆောင်၊ အမျိုးသမီးယောဂီဆောက်၊ အမျိုးသားယောဂီဆောင်၊ဆေးခန်း၊ဆွမ်းချက်ဆောင် စသည့်အဆောက်အဦများပါဝင်ပါသည်။ယခုအခါ A.C.E Construction Group ကုမ္ပဏီမှ မြေနေရာရှင်းခြင်း၊ Suevey တိုင်းထွားခြင်းလုပ်ငန်းများစတင်ဆောက်ရွက်နေပြီဖြစ်ပါသည်။


" Update News "


Nay Pyi Taw ( 9.5.2017 )       Share on Facebook

ကဆုန်လပြည့်နေ့သည် ဂေါတမမြတ်စွာဘုရား ရှင်ကိုတော်မြတ်ကြီး ဗျာဒိတ်ခံသော၊ ဘုရားဖြစ်တော်မူသော ပရိနိဗ္ဗာန်စံတော်မူသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ထို့နည်းတူစွာကမ္ဘာပေါ်ရှိရှိသမျှသော ပန်းပေါင်းစုံသည်တစ်ပြိုင်နက်တည်းတစ်ချိန်တည်းမှာ ဖူးပွင့်ကြပါသည်။ဤကဲ့သို့ပင် A.C.E Construction မှလုပ်ငန်းများ၊ ဖောက်သည်များနှင့် လုပ်ဖော်ကိုင်ဖက်များအား တပြိုင်နက်တည်း (၁၀.၅.၂၀၁၇)ကဆုန်လပြည့်နေ့မှာ စ၍ပကုသိုလ်ကံများဆက်တိုက်ပွင့်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


" Update News "


Nay Pyi Taw ( 10.4.2017 )       Share on Facebook

A.C.E Group of Companies ၏ကုမ္ပဏီခွဲဖြစ်သော A.C.E Construction, A.C.E Machinery,Myanmar Businet Development နှင့် A.C.E Hotel & Tourism တို့မှ ကျွနတော်တို့၏ဖောက်သည်များ၊ ကန်ထရိုက်တာများ ဝန်ထမ်းများအား ပျော်ရွင်ဖွယ်ရာ ၁၃၇၉ ခုမြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ဖြစ်ပါစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။


" Training "


Nay Pyi Taw ( 4.4.2017 )       Share on Facebook

A.C.E Construction Group သည်ဆောက်လုပ်ရေး လုပ်ငန်းများဆောက်ရွက်ရာတွင် အရည် အသွေးစံချိန်နှုန်း ပြည့်ဝသော၊ သေသပ်လှပခိုင်ခံ့သော၊ လက်ရာလက်သား ကောင်းမွန်သော အဆောက်အဦများကို နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်း များကို Company တွင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။ (၂၂.၃.၂၀၁၇) ရက်နေ့တွင် ACE Head Office Multi-function Hall တွင်လည်း
ပန်းရံအခြေခံသင်တန်းအမှတ်စဉ်(၃)၊
လက်သမားအခြေခံသင်တန်းအမှတ်စဉ်(၃)၊
သံချည်သံကွေးအခြေခံသင်တန်းအမှတ်စဉ်(၃)၊
သံထည်လုပ်ငန်းအခြေခံသင်တန်းအမှတ်စဉ်(၃)၊
အလူမီနီယံလုပ်ငန်းအခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်း များကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းများတွင် တက်ရောက်သော သင်တန်းသား၏ အရည် အချင်းစစ်စာမေးပွဲကို (၁.၄.၂၀၀၇ မှ ၂.၃.၂၀၁၇) ထိစာတွေ့၊ လက်တွေ့ နှစ်ရပ်လုံးဖြေဆိုခဲ့ကြပါသည်။


" Update News "


Nay Pyi Taw (24 March)       Share on Facebook

A.C.E Group Of Companies ၏မဟာသင်္ကြန်ရုံးပိတ်ရက်အား(၁၂.၄.၂၀၁၇)မှ(၂၃ .၄.၂၀၁၇)ထိ(၁၂) ရက်တိတိ ရုံးပိတ်ကြောင်းနှင့်(၂၄.၄.၂၀၁၇) ရက်တနင်္လာနေ့တွင် ဝန်ထမ်းအားလုံး ရုံး ပြန်တက်၍ တာဝန်ထမ်းဆောက်ကြရန် သတ်မှတ်လိုက်သည်။


" Training "


Nay Pyi Taw ( 23.3.2017 )       Share on Facebook

ပန်းရံအခြေခံသင်တန်းအမှတ်စဉ်(၃)၊
လက်သမားအခြေခံသင်တန်းအမှတ်စဉ်(၃)၊
သံချည်သံကွေးအခြေခံသင်တန်းအမှတ်စဉ်(၃)၊
သံထည်လုပ်ငန်းအခြေခံသင်တန်းအမှတ်စဉ်(၃)၊ အလူမီနီယံလုပ်ငန်းအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲ၊
သင်တန်းထူချွန်ဆုဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများပြပွဲအခမ်းအနားကို ၂၂.၃.၂၀၁၇ ရက်နေ့ ACE Head Office အတွင်းရှိ Multifunction Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ Senior President ဦးတင့်ဆန်းမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီးဆုရရှိသည့်ထူးချွန်သင်တန်းသားများကို လည်းဆုတံဆိပ်များချီးမြှင့်ခဲ့ပါသည်။ အဆိုးပါဖွင့်ပွဲသို့ CEO ၊ ကုမ္ပဏီအသီသီးမှ MD များ၊ ဌာနအကြီးအကဲများ၊ဝန်ထမ်းများ၊ သင်တန်းသား ၊ကန်ထရိုက်တာများ ၊ အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာသည့် အလုပ်သမား များ တက်ရောက်လာသည့် အလုပ်သမားများကိုလည်း တစ်ဦးလျှင်ဆန်(၈) ပြည်စီပေးအပ်ခဲ့ပါသည်။


"ပုဂ္ဂလိကအိမ်ရာ စီမံကိန်း၊နေပြည်တော် (၂၀၀၉-၂၀၁၁) "


နေပြည်တော် (၂၀၀၉-၂၀၁၁)       Share on Facebook

A.C.E ဆောက်လုပ်ရေး ကုမ္ပဏီသည် နေပြည်တော် တွင် ပုဂ္ဂလိကအိမ်ရာ စီမံကိန်းပေါင်း (၅၀) ကျော်ကိုရင်းနှီးမြှပ်နှံ၍ တည်ဆောက်လျှက်ရှိပါသည်။နိုင်ငံတကာအဆင့်မှီ အိမ်ရာ စီမံကိန်း များလဲ ပါဝင်ပြီး အချို့အိမ်ရာ စီမံ ကိန်းများတွင် ရေကူးကန်များလဲပါဝင်သည်။ သင်၏ကိုယ်ပိုင်အိမ်ရာကိုဆောက်လုပ်လို၍ဖြစ်စေ ကျွန်ုပ်တို့ဆောက်လုပ်ထားသော အိမ်ရာများကို ဝယ်ယူလို၍ဖြစ်စေ A.C.E Construction Phone:067-8100105 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။


" Update News "


ရန်ကုန် ( 1.3.2017 )       Share on Facebook

A.C.E ဆောက်လုပ်ရေးကုမ္ပဏီသည် အရှေ့တောင်အာရှတွင် အကြီးဆုံးပုဂ္ဂလိကပြတိုက်ဖြစ်သည့် ဇေကမ္ဘာအပြတိုက် စီမံကိန်း ကို ခရေပင်လမ်း မင်္ဂလာဒုံမြိုနယ် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇ ဇန်နဝါရီလတွင်း စတင်ခဲ့ပြီး ယခုအခါ ပိုက်ရိုက်ခြင်းလုပ်ငန်းကိုအကောင်အထည်ဖော်ဆောက်ရွှက်နေပြီးဖြစ်ပါသည်။



" Update News "


နေပြည်တော် ( ၁.၃.၂၀၁၇ )       Share on Facebook

A.C.E ဆောက်လုပ်ရေးကုမ္ပဏီသည် ခေတ်မီလှပသော နိုင်ငံတကာ အဆင့်မှီ အဆောက် အဦ Architectural Design များရေးဆွဲခြင်း၊တည်ဆောက်ခြင်း ၊ (P.A.E) စနစ်ဖြင့် အထပ်နိမ့်၊ အထပ်မြင့်အိမ်ယာများတည်ဆောက်ခြင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးများ ၊ လုံးချင်းအိမ်ယာများ၊ ပညာရေးဆိုင်ရာအဆောက်အဦများ၊ အားကစား အဆောက်အဦများ ၊ဆေးရုံ များ၊ ဟိုတယ်နှင့်အပန်းဖြေစခန်းများ၊ စက်မှုဇုန်များ၊ အစိုးရအဆောက်အဦးများ ၊ ထင်ရှားသောအထိမ်းအမှတ်အ​ဆောက်အဦများ၊ သာသနာရေးဆိုင်ရာ ရုပ်ပွားတော်များနှင့် အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများကို ကျွမ်းကျင်ပြီး အတွေ့ကြုံရှိသော အင်ဂျင် နီယာများဖြင့် တည်ဆောက်ပေး နေပါသည်။



" Concerete Q.C test Competition "


Nay Pyi Taw ( 23.2.2017 )       Share on Facebook

ACE Construction Group မှ Concerete Q.C test သင်တန်းသူ သင်တန်းသားများ၏ Concerete Q.C test Competition ပြိုင်ပွဲကို (၂၁ - ၂- ၂၀၁၇) ရက်​နေ့တွင် ACE Multi Function Hall တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။


"New Projects "


Nay Pyi Taw ( 15.1.2017 )       Share on Facebook

A.C.E Construction Group ကုမ္ပဏီသည် နေပြည်တော်တွင် Hotel Royal Ace ကို ၎င်း၏ ပထမဆုံး ကြယ်ငါးပွင့်အဆင့်မှီ ဟိုတယ်အဖြစ် ၂၀၁၃ခုနှစ်တွင် အောင်မြင်စွာဆောက်လုပ်နိုင်ခဲ့ပါသည်။ယနေ့ A.C.E Construction Group သည် Hotel Royal ACE အနီး ခြောက်ထပ်အဆောက်အဦတွင် ဟိုတယ်အခန်း​​ပေါင်းနှစ်ရာဖြင့် ဖွဲ့စည်းထားသော စီမံကိန်းကဲ့သို့ စီမံကိန်းအသစ်များအား စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။


" အနန္တဇိနစေတီတော် "


Hlegu (January 2017)       Share on Facebook

ရန်ကုန်−မန္တလေး အမြန်လမ်း (၇) မိုင် (၆) ဖာလုံ မိုင်တိုင်အနီး ၊ ငါးဆူတောင်ဒေသ ၊ လှည်းကူးမြို့နယ်တွင် အနန္တဇိနစေတီတော်ကို ACE Construction Group ကုမ္ပဏီမှ ၊ တာဝန်ယူဆောက်လုပ်ပေး မည်ဖြစ်ပါသည် ။ စေတီတော်မှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ကြမ်းခင်းဧရိယာမှာ (၂၈၃၉၃) စတုရန်းပေဖြစ်သည်၊ အနန္တဇိနစေတီတော်တည်ဆောက်ရာတွင် စေတီတော် ၊ ဆင်းတုတော်နှင့်ပလ္လင် ၊ တံခွန်တိုင် ၊ ခေါင်းလောင်း ၊ ပထမရင်ပြင် ၊ ခြ​င်္သေ့ရုပ်ထု ၊ ကဗျည်းကျောက်စာများလည်းပါဝင်ပါသည်။ ယင်းစီမံကိန်းများကို ၂၀၁၇ ဇန်နဝါရီလတွင် စတင်တည်ဆောက်နေပြီ ဖြစ်ပါသည်။




" မြောင်းမြဆေးရုံ "


Myaung Mya (February 2017)       Share on Facebook

ACE Construction Group ကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ် ဦးဘချိုလမ်းမကြီးဘေးဆေးရုံဝင်းအတွင်း တွင်မြောင်းမြဆေးရုံ ပင်မလေးထပ်ဆောင် နှင့် (၂) ခန်းတွဲအိမ်ရာ လေးထပ်တည်ဆောက်ခြင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပါသည် ။
အဆောက်အဦးအမျိုးအစား မှာ Isolated Foundation သံကူကွန်ကရစ်(၄) ထပ်အဆာက်အဦးဖြစ်ပါသည်။ ပင်မလေးထပ်ဆောင်ကြမ်းခင်းဧရိယာမှာ (၅၁၁၃၆)စတုရန်းပေဖြစ်ပြီး (၂)ခန်းတွဲအိမ်သာ (၄)ထပ်ဆောင်၏ကြမ်းခင်းဧရိယာမှာ (၉၁၁၁၃၃.၆၂၈)စတုရန်းပေဖြစ်သည်။ ACE Construction Group ကုမ္ပဏီမှ တိုးချဲ့ ဆောင်တည်ဆောက်ခြင်းအတွက် Survery တိုင်းထွာခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။



" ACE Construction Company မှ ဝန်ထမ်းများ၏ အရည်အချင်း ၊ အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်၍ ထူးချွန်သင်တန်းများ ၊ လက်တွေ့အသုံးချ သင်တန်းများဖွင့်လှစ် "


နေပြည်တော် ( ၂၇-၁-၂၀၁၇)       Share on Facebook

ACE Group of Companies Senior President ၏လမ်းညွှန်မှုဖြင့် ACE Construction Company မှ ဝန်ထမ်းများ၏ အရည်အချင်း ၊ အရည်အသွေး မြင့်မားလာစေရန် ရည်ရွယ်၍ ထူးချွန်သင်တန်းများ ၊ လက်တွေ့အသုံးချ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင်
    (၁) ရေနှင့် သန့်ရှင်းရေး လုပ်ငန်းအခြေခံ သင်တန်း အမှတ်စဉ် (၁) ၊
     (၂) လျှပ်စစ်အခြေခံ သင်တန်း အမှတ်စဉ်(၁) ၊
     (၃) ပန်းရံသင်တန်း အမှတ်စဉ်(၂) ၊
     (၄) လက်သမားသင်တန်း အမှတ်စဉ်(၂) ၊
     (၅) သံချည်သံကွေး လုပ်ငန်းအမှတ်စဉ်(၂) ၊
     (၆) သံထည်လုပ်ငန်း အမှတ်စဉ်(၂) ၊ သင်တန်းဖွင့်ပွဲကို Senior President U Tint Hsan တက်ရောက် အမှာစကား ပြောကြား ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲသို့ ACE Group of Companies ခွဲများမှ MD များ ၊ Director များ ၊ ဌာနခေါင်းဆောင်များနှင့် သင်တန်းသား သင်တန်းသူ (၂၆၂) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသားများ ကိုလည်း ACE Food Court တွင် နေ့လည်စာများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါသည်။



"ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုများ"


နေပြည်တော် ( ၂၀-၁-၂၀၁၇)       Share on Facebook

ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုများမှာ
− အဆောက်အဦပုံစံများ ၊ ဒီဇိုင်းများ ရေးဆွဲပေးခြင်း
− Structure Design များ ရေးဆွဲ တွက်ချက်ပေးခြင်း
− Estimate ခန့်မှန်းချေ လုပ်ငန်းတန်ဖိုးများ ပစ္စည်းလိုအပ်ချက်များ ပစ္စည်းတန်ဖိုးများ လုပ်အားခ တန်ဖိုးများ အသေးစိတ် တွက်ချက်ပေးခြင်း၊
− အဆောက်အဦး အကွက်ချ ပုံစံနှင့် မြေတိုင်းတာခြင်း ( Servey) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
− နောက်ဆုံးပေါ် နည်းပညာများဖြင့် စံချိန်စံညွှန်းမှီ အရည်အသွေးကောင်းမွန်သော အဆောက်အဦများ ကြီးကြပ် တည်ဆောက်ပေးခြင်း
   −မြို့ပြလုပ်ငန်း ( RC Structure, Steel Structure)
   - ရေသန့်လုပ်ငန်း
   − လျှပ်စစ် လုပ်ငန်း
   − ICT လုပ်ငန်း
−အဆောက်အဦ အတွင်းပိုင်း အလှဆင်ခြင်းလုပ်ငန်းများ၊
− အဆောက်အဦများ၏ ( QA/AC) အရည်အသွေးစစ် ကြီးကြပ် စစ်ဆေးပေးခြင်း၊ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေး (Safety) ဆိုင်ရာများ ကြီးကြပ်
စစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများကို သက်သာသော နှုန်းထား တို့ဖြင့် လုပ်ငန်းရှင်တို့ မျှော်မှန်းထားသည်ထက် ပိုမိုသော ၀န်ဆောင်မှုပေးခြင်းတို့ဖြင့် လုပ်ငန်းရှင်တို့ စိတ်ကျေနပ်မှု ရရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးလျှက် ရှိပါသည်။ ထို့ကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းများ တိုးတက်အဆင်ပြေစေဖို့ ACE ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ယုံကြည်စွာ ပူးပေါင်းလက်တွဲလိုက်ပါ ။ အသေးစိတ် သိရှိလိုပါက



" "ACE ဆောက်လုပ်ရေး ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ရန် ကန်ထရိုက်တာများကို ဖိတ်ခေါ် အပ်ပါသည် ။""


နေပြည်တော် ( ၁၇-၁-၂၀၁၇)       Share on Facebook

ACE ဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းမှာ စီးပွားရေး လုပ်ငန်းများကို လုပ်ငန်းနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဆောက်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည် ။ နိုင်ငံတော်၏ စီးပွားရေး ၊ လူမှုရေး ကဏ္ဍများ များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရနှင့် လက်တွဲပူးပေါင်း၍ ပုဂ္ဂလိက အခန်း ကဏ္ဍ တွင် တစ်ထောင့် တစ်နေရာမှ ပါ၀င် ဆောက်ရွက်လျက်ရှိပါသည်။
    လက်သမား၊ ပန်းရံ ၊ သံချည် သံကွေး ၊ သံထည် ၊ မျက်နှာကျက် ၊ ဆေးသုတ် ၊ ရေ ၊ မီး ၊ အခြားလုပ်ငန်း များကို လုပ်ငန်းတစ်ခုချင်း ဆောင်ရွက်နေသော ကန်ထရိုက်တာများနှင့် လုပ်ငန်းအတွဲ အလိုက် တာဝန်ယူ ဆောင်ရွက်နိုင်သော ကန်ထရိုက်တာများအတွက် ACE Construction Company တွင် အထူးသတင်းကောင်း တစ်ရပ် ရှိပါသည် ။ ACE Construction Group ၏ ရည်မှန်းချက်မှာ လုပ်ငန်း အပ်နှံသူများ ထံသို့ အရည်အသွေး စံချိန် စံနှုန်း ပြည့်၀သော ၊ သေသပ်လှပ ခိုင်ခံ့သော လက်ရာလက်သား ကောင်းမွန်သော အဆောက် အဦးများကို သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လုပ်ငန်းအပ်နှံသူများ စိတ်တိုင်းကျ ဆောက်လုပ်နိုင်ရန် ဖြစ်ပါသည် ။ ACE ဆောက်လုပ်ရေး ကုမ္ပဏီသည် ရင်းနှီးမြုပ်နှံမှုပေါင်း များစွာဖြင့် ခေတ်မှီလှပ၍ အရည်အသွေး စံချိန် စံနှုန်း ပြည့်ဝသော နိုင်ငံတော်အဆင့် အစိုးရ အဆောက်အဦများ၊ ခေတ်မှီလှပသော အိမ်ရာ စီမံကိန်းများ၊ သာသနာရေး ဆိုင်ရာ စေတီတော်များနှင့် အဆောက်အဦများကို ယဉ်ကျေးမှု သုခုမ ပေါင်းစပ် တည်ဆောက် ခြင်းနှင့် အဆင့်မြင့် ဟိုတယ်ကြီးများကို အဆင့်မှီစွာ တည်ဆောက်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် ACE ဆောက်လုပ်ရေး ကုမ္ပဏီမှ ကျွမ်းကျင် လုပ်သားများကို မွေးထုတ်နိုင်ရန် လက်သမား၊ ပန်းရံ၊ သံချည်သံကွေး ၊ Steel Structure သင်တန်း၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် Safety သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျှက် ရှိပါသည်။ အရည်အသွေး စံချိန်စံနှုန်း ပြည့်ဝ၍ လက်ရာလက်သား သေသပ်လှပစွာဖြင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ပါက ကြီးမားသော အကျိုးအမြတ် ရရှိစေရန် စျေးနှုန်းများကိုလည်း သတ်မှတ်၍ ကောင်းကောင်း ပေးသွားမည် ဖြစ်သည့်အပြင် တိကျသော ငွေပေးချေ စနစ်ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
    ထို့ကြောင့် လူကြီးမင်းတို့အဖွဲ့ အစည်းအနေဖြင့် စိတ်ပါဝင်စား ၍ ACE Construction Company နှင့် အတူတကွ ရေရှည် ပူးပေါင်း ၍ လက်တွဲဆောင်ရွက်လိုသော ကန်ထရိုက်တာ အဖွဲ့များ အနေဖြင့် ကုမ္ပဏီမှ သတ်မှတ်ထားသော ပုံစံများ ဖြည့်သွင်း၍ Contractor လိုင်စင်များ ရယူထားခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း များ စဉ်ဆက်မပြတ် ရရှိနိုင်မည်ဖြစ်ပါသဖြင့် အချိန်မှီ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြပါရန် ကမ်းလှမ်း ဖိတ်ခေါ်အပ်ပါသည်။



""ACE ဆောက်လုပ်ရေး ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသော ရင်းနှီးမြုပ်နှံမည့်သူများကို ဖိတ်ခေါ်အပ်ပါသည်။"


နေပြည်တော် ( ၁၄-၁-၂၀၁၇)       Share on Facebook

ACE ဆောက်လုပ်ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်းမှာ စီးပွားရေး လုပ်ငန်းများကို လုပ်ငန်းနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ဆောက်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည် ။ နိုင်ငံတော်၏ စီးပွားရေး ၊ လူမှုရေး ကဏ္ဍများ များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရနှင့် လက်တွဲပူးပေါင်း၍ ပုဂ္ဂလိက အခန်း ကဏ္ဍ တွင် တစ်ထောင့် တစ်နေရာမှ ပါ၀င် ဆောက်ရွက်လျက်ရှိပါသည်။ ACE Construction Group ၏ရည်မှန်းချက်မှာ လုပ်ငန်းအပ်နှံသူများ ထံသို့ အရည်အသွေး စံချိန်စံနှုန်း ပြည့်၀သော၊ သေသပ်လှပ ခိုင်ခံ့သော လက်ရာလက်သား ကောင်းမွန်သော အဆောက်အဦများကို သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောက်လုပ်နိုင်ရန် ဖြစ်ပါသည်။
     ACE ဆောက်လုပ်ရေး ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အဆောက်အဦ ဗိသုကာ ပညာရပ်များနှင့် လိုက်လျောညီထွေသော အင်ဂျင်နီယာ ကျွမ်းကျင်မှုများကို အခြေခံပြီး နိုင်ငံတော်အဆင့် အဆောက်အဦများ၊ ခေတ်မှီလှပသော အိမ်ယာစီမံကိန်းများ ၊ သာသနာရေး အဆောက်အဦများ၊ အဆင့်မြင့် ဟိုတယ်များ၊ အပန်းဖြေစခန်းများကို စံချိန်စံညွှန်း နှင့်အညီ ဆောက်လုပ်လျှက် ရှိပါသည်။
     ထို့အပြင် အနာဂတ်ဖွံ့ဖြိုး တိုးတက်စေမည့် အထပ်မြင့် အိမ်ယာ စီမံကိန်းများ၊ စီးပွားရေး အဆောက်အဦများ၊ အပန်းဖြေစခန်းများ၊ ဟိုတယ်များစွာ ဆောက်လုပ်ရန်အတွက်လည်း မြေနေရာများ၊ စီမံကိန်းများစွာ၊ ကျွန်ုပ်တို့တွင် စိတ်ကူးအကြံအစည်များစွာ ရှိပါသည်။ ကြီးများသော အခွင့်အရေးနှင့် အကျိုးအမြတ်များစွာ ရရှိနိုင်သည့်အတွက် ကျွန်ုပ်တို့ ACE Construction Group နှင့် အကျိုးတူ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံလိုပါက လှိုက်လှဲစွာ ကြိုဆိုလျှက် ရှိပါသည်။ ရင်းနှီးမြုပ်နှံမှုများအကြောင်း အသေးစိတ် သိရှိလိုပါက ACE Construction



" ACE ဆောက်လုပ်ရေး ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ရန် ကျွမ်းကျင်အင်ဂျင်နီယာများကို ဖိတ်ခေါ်အပ်ပါသည်။ "


နေပြည်တော် ( ၁၁-၁-၂၀၁၇)       Share on Facebook

ACE Construction Company ကို ၁၉၈၈ ခုနှစ်မှစ၍ ပုသိမ်မြို့တွင် မြို့ပြအင်ဂျင်နီယာများ စုဖွဲ့မှုကို အခြေတည်ပြီး ဆောက်လုပ်ရေး လုပ်သားများကို စုစည်းကာ နာယကကြီးမှ စတင်ဖွဲ့စည်း ခဲ့ပါသည်။ ACE Construction Company ကို ဦးစီးတည်ထောင်သူ ကိုယ်တိုင်မှာလည်း Profession Engineer, ASEAN Chartered Professional Engineer ဘွဲ့ရထားပြီး ကျွမ်းကျင် အင်ဂျင်နီယာ (၂၀၀) ကျော် ကျွမ်းကျင် ဝန်ထမ်း (၁၀၀၀)ကျော် စုစုပေါင်း ဝန်ထမ်း (၁၂၀၀)ကျော်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော Company ဖြစ်ပါသည်။
     ACE Construction Company သည် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အမျိုးမျိုးသော အဆောက်အဦး ဗိသုက ပညာရပ်များနှင့် လိုက်လျောညီထွေသော အင်ဂျင်နီယာ ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် ကုမ္ပဏီတွင်း နိုင်ငံတကာ အသိအမှတ်ပြု နည်းစနစ်ကျ ဖွဲ့စည်းမှုများ ၊ ဝန်ထမ်းများ၏ အရည်အချင်း၊ အရည်အသွေး တိုးတက်လာစေရန်နှင့် ကျွမ်းကျင် ဝန်ထမ်းများ မွေးထုတ် နိုင်ရန်အတွက်လည်း နည်းပညာ သင်တန်းများ၊ အင်ဂျင်နီယာ သင်တန်းများ၊ ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ သင်တန်းများ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအတွက် Safety သင်တန်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေး ထိန်းညှိနိုင်ရန် Quality Control သင်တန်းများ၊ Estimate သင်တန်းများ၊ Structure သင်တန်းများ၊ စာရင်းသင်တန်းများ၊ အင်္ဂလိပ် စကားပြော သင်တန်းများ၊ BCC သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျှက် ရှိပါသည်။
     ထို့ကြောင့် ACE Construction Group နှင့် ရေရှည် အတူတကွ လက်တွဲပြီး ထွန်းလင်းတောက်ပသော အနာဂတ်များကို ပုံဖော်ဖန်တီးချင်သော ကျွမ်းကျင် အင်ဂျင်နီယာများ၊ ဝန်ထမ်းများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ အတူလက်တွဲ ပူးပေါင်း လုပ်ကိုင်ချင်သော အင်ဂျင်နီယာများ အနေဖြင့် ကုမ္ပဏီမှ သတ်မှတ်ထားသော CV Form များကို ဖြည့်စွက်၍ လူကိုယ်တိုင် (သို့မဟုတ်) online မှ ဆက်သွယ်လျောက်ထား နိုင်ပါသည်။



"ACE Group of Companies ထူးချွန်ဝန်ထမ်းသစ် ရွေးချယ်ရေးသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲ ကျင်းပ"


နေပြည်တော် ( ၅-၁-၂၀၁၇)       Share on Facebook

ACE Group of Companies မှကြီးမှုး ၍ ဝန်ထမ်းများ ၏ အရည်အသွေး ၊ အရည်အချင်းများ တိုးတက်လာစေရန် အလို့ငှာ ထူးချွန်ဝန်ထမ်းအသစ် ရွေးချယ်ရေး သင်တန်းအမှတ်စဉ် (၂)အား (၅- ၁ - ၂၀၁၇ )ရက် ကြာသပတေးနေ့ နံနက် (၉:၃၀) နာရီတွင် သံလွင်အိမ်ယာ ၊ ACE ရုံးချုပ် Multi-Function Hal ၌ Senior President ဦးတင့်ဆန်း တက်ရောက် အမှာစကား ပြောကြား ဖွင့်လှစ် ခဲ့ပါသည်။ အဆိုပါ သင်တန်း ဖွင့်ပွဲသို့ CEO နှင့် Company အသီးသီးမှ MD များ ၊ ဌာန အကြီးအကဲများ ဝန်ထမ်းများနှင့် သင်တန်းသား (၂၉)ဦးတို့ တက်ရောက်ခဲ့ပါသည် ။ သင်တန်းတွင် (၁) အင်ဂျင်နီယာ ဘာသာရပ်များ ၊ (၂) အင်တာနက် အီးမေးလ် ၊ (၃) ရုံးလုပ်ငန်း ၊ (၄) ဝန်ထမ်းကျင့်ဝတ်နှင့် အထွေထွေ ဗဟုသုတ၊ (၅) အင်္ဂလိပ်စာ အခြေခံ ဘာသာရပ်များ သင်ကြားပေးမည် ဖြစ်ပါသည်။



"(၆၉) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဘောလုံးပြိုင်ပွဲ နှင့် ညစာ စားပွဲ များ ကျင်းပ"


နေပြည်တော် ( ၄-၁-၂၀၁၇)       Share on Facebook

(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ကြိဆိုသောအားဖြင့် ACE Group of Companies မှဦးစီးကျင်းပသော ဝန်ထမ်းချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ၂၀၁၇ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ACE Group of Companies အပါအဝင် ကုမ္ပဏီ (၄) ခုဖြစ်သော ACE ဆောက်လုပ်ရေး ကုမ္ပဏီ၊ MBD လုပ်ငန်းရှာဖွေရေးနှင့် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ ၊ ACE ဟိုတယ်နှင့် ခရီးသွား ကုမ္ပဏီ၊ ACE စက်ယန္တရားနှင့် ကွန်ကရစ် ကုမ္ပဏီ မှ ဝန်ထမ်းများ၊ ကန်ထရိုက်တာ ဝန်ထမ်းများ စုပေါင်း၍ ဘောလုံးအသင်း (၈)သင်း ဖွဲ့စည်းကာ နံနက် (၈:၀၀))နာရီတွင် ACE ရုံးချုပ်အားကစားကွင်း တွင် ယှဉ်ပြိုင် ကစားခဲ့ကြပါသည် ။ ဝန်ထမ်းများ ချစ်ခင်ရင်းနှီးမှု ရှိစေရန်အတွက်လည်း ညနေပိုင်းတွင် ဝန်ထမ်းစုံညီ ညစာစွားပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။



" ဧက (၂၂၀) စီမံကိန်း တွင်ပါဝင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်နိုင်ပါသည်။ "


နေပြည်တော် ( ၂-၁-၂၀၁၇)       Share on Facebook

ACE Construction Group သည် နေပြည်တော် ၊ ဒက္ခိဏမြို့နယ် ၊တော်၀င် ရတနာလမ်း ရှိ ဧက ၂၂၀ စီမံကိန်းကို ကို ၂၀၁၇ခုနှစ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဧက ၂၂၀ စီမံကိန်းတွင် စီးပွားရေး အဆောက်အအုံများ ၊ လူနေတိုက်ခန်းများ ၊ စျေးဝယ်စင်တာများ ၊ ဂေါက်ကွင်းများ ပါဝင်ပါမည် ။
ကျွန်တော်တို့ ACE ဆောက်လုပ်ရေး ကုမ္ပဏီသည် နေပြည်တော်တွင် အနာဂတ်ဖွံ့ဖြိုး တိုးတက်စေမည့် စီမံကိန်းများ တည်ဆောက်ရန် စိတ်ကူးအကြံအစည်များစွာရှိပါသည်။ ကြီးမားသော အခွင့်အရေးနှင့် အကျိုးအမြတ်များစွာ ရရှိနိုင်မည့် ACE ၏ များနှင့်မတူ ထူးခြားသည့် ဧက(၂၂၀) စီမံကိန်းမှ အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသူများနှင့် ရင်းနှီးမြုပ်နှံမှု ပြုလိုသူများကို လှိုက်လှဲစွာ ကြိုဆိုလျှက် ရှိပါသည်။


"ACE Group of Companies Senior President ၏ လမ်းညွှန်မှုဖြင့် ACE Construction Group Company မှ ဝန်ထမ်းများ၏ အရည်အချင်း ၊ အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ထူးချွန်သင်တန်းများ၊ လက်တွေ့အသုံးချ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေး မည် ။ "


နေပြည်တော်( ၂၉-၁၂-၂၀၁၆)       Share on Facebook

ACE Group of Companies Senior President ၏ လမ်းညွှန်မှုဖြင့် ACE Construction Group Company မှ ဝန်ထမ်းများ၏ အရည်အချင်း ၊ အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ထူးချွန်သင်တန်းများ၊ လက်တွေ့အသုံးချ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ် နှစ်ဦးကာလ ဇန်နဝါရီလပိုင်းတွင် ၁။ ထူးချွန်ဝန်ထမ်း ရွေးချယ်ရေးသင်တန်း အမှတ်စဉ် (၂) ၂။ သံထည်လုပ်ငန်း အမှတ်စဉ် (၂) ၃။ ရေနှင့် သန့်ရှင်းရေး လုပ်ငန်းအခြေခံ သင်တန်း အမှတ်စဉ်(၁) ၄။ လျှပ်စစ် အခြေခံသင်တန်း အမှတ်စဉ် (၁) တို့ကို ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ACE Construction မှဝန်ထမ်းများ၊ Contractor များသည် HR ဌာနတွင် စာရင်းပေးသွင်းနိုင်ပါသည်။



ACE GROUP OF COMPANIES LIMITED
ထူးချွန်ဝန်ထမ်း အသစ်ရွေးချယ်ရေး သင်တန်း အမှတ်စဉ် (၂)

၁။ သင်တန်းကာလ ( ဇန်နဝါရီလ ၂၀၁၇) ( နံနက် ၈:၃၀ မှ ညနေ ၄:၀၀ ) နာရီထိ
     (၁) ရက်လျှင် သင်ကြားချိန် (၅ ) နာရီ ၊ (၇) ရက် သင်ကြားချိန် နာရီပေါင်း (၃၅)နာရီ
၂။ သင်ကြားမည့် ဆရာ ၊ ဆရာမ များ (၅) ဦး
     ဦး၀င်းကိုကိုလွင် ( Director, A.C.E Construction)
     ဦးရန်နိုင် ( Director, MBD)
     ဦးသန်းဝင်းမောင် ( Director, MBD)
     ဦးအောင်သူလှိုင်(MIDC)
     ​ဒေါ်ကေခိုင်ထွန်း (Manager, A.C.E Construction)
၃။ သင်ကြားမည့် သင်တန်းသား
     သင်တန်းသား (၃၀) ဦး
     A.C.E Construction Group Co., Ltd (၂.၁.၂၀၁၇) တွင် အစမ်းခန့်၀န်ထမ်းအဖြစ် အလုပ်စတင်ခန့်သည့် အင်ဂျင်နီယာ ၀န်ထမ်းအသစ်များ
၄။ သင်တန်းသင်ကြားမည့်နေရာ - A.C.E ရုံးချုပ် ၊ Multi-function Hall
၅။ သင်ကြားမည့် ဘာသာရပ်များ
     (က) Engineering
     (ခ) Internet & E-mail
     (ဂ) ရုံးလုပ်ငန်း
     (ဃ) ဝန်ထမ်းကျင့်၀တ်နှင့် အထွေထွေဗဟုသုတ
     (င) Basic English Level Course

ACE GROUP OF COMPANIES LIMITED
သံထည်လုပ်ငန်း သင်တန်း အမှတ်စဉ် (၂)

၁။ သင်တန်းကာလ( ဇန်နဝါရီလ ၂၀၁၇ ) ( နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ)
     (၁)ရက်လျှင် သင်ကြားချိန် (၈)နာရီ ၊ (၇ ) ရက် သင်ကြားချိန် နာရီပေါင်း (၅၆) နာရီ
၂။ သင်ကြားမည့် ဆရာ ၊ ဆရာမ များ (၅) ဦး
     ဦးကျော်ဇင်ထိုက် (ITC)
     ဦးထိုက်မင်း (ITC) ( ဆင်တဲ)
၃။ သင်ကြားမည့် သင်တန်းသား
     သင်တန်းသား (၂၀) ဦး
     A.C.E Construction Group Co., Ltd မှ ကန်ထရိုက်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လုပ်သား ဝန်ထမ်းများ
၄။ သင်တန်းသင်ကြားမည့်နေရာ - Zeezawar Plot
၅။ သင်ကြားမည့် ဘာသာရပ်များ
     (က) Theory - Metal/Electrode Classification/Safety
     (ခ) Pratical- Welding all position/ Gas Welding
     Welding Course ( ISO Standard- Garman Course) ITC

ACE GROUP OF COMPANIES LIMITED
ရေနှင့် သန့်ရှင်းမှု လုပ်ငန်း အခြေခံ သင်တန်း အမှတ်စဉ် (၁)

၁။ သင်တန်းကာလ( ဇန်နဝါရီလ ၂၀၁၇ ) ( နံနက် ၈ နာရီမှ ၁၂:၀၀ နာရီအထိ)
          (၁)ရက်လျှင် သင်ကြားချိန် (၄)နာရီ ၊ (၇ ) ရက် သင်ကြားချိန် နာရီပေါင်း (၂၈) နာရီ
၂။ သင်ကြားမည့်ဆရာ (၂) ဦး
          ဒေါ်အေမီသန်း (Manager, Engineering Department)
          ဦးမျိုးကိုကို (Assis; Manager, Engineering Department)
          ဦးဘိုဘိုဇင်ဦး (Engineer, Engineering Department)
          ဦးဌေးနိုင်အောင် (M&E - 56)
          ဦးအောင်ခိုင် (M&E - 36 )
၃။ သင်ကြားမည့် သင်တန်းသား
          သင်တန်းသား (၁၇) ဦး
          A.C.E Construction Group Co., Ltd မှ ကန်ထရိုက်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လုပ်သား ဝန်ထမ်းများ
၄။ သင်တန်း သင်ကြားမည့်နေရာ - ချင်းတွင်းအိမ်ယာ၊ မော်တော်ယာဉ်ရုံး
၅။ သင်ကြားမည့် ဘာသာရပ်
      (က) လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အတွင်းလိုက်နာရမည့် စည်းကမ်းများ
     (ခ) ရေသန့်လုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
     (ဂ) UPPC ရေပိုက် ပိုက်ဆက်သွယ်တန်းခြင်း
     -PPR ပိုက်ဆက်သွယ်တန်းခြင်းလုပ်ငန်း
     -MS ပိုက်ဆက်သွယ်တန်းခြင်း လုပ်ငန်း
     -GI ပိုက်ဆက်သွယ်တန်းခြင်း လုပ်ငန်း

ACE GROUP OF COMPANIES LIMITED
လျှပ်စစ် အခြေခံ သင်တန်း အမှတ်စဉ် (၁)

၁။ သင်တန်းကာလ( ဇန်နဝါရီလ ၂၀၁၇ ) ( နေ့လည် ၁ နာရီမှ ညနေ ၅:၀၀ နာရီအထိ)
          (၁)ရက်လျှင် သင်ကြားချိန် (၄)နာရီ ၊ (၇ ) ရက် သင်ကြားချိန် နာရီပေါင်း (၂၈) နာရီ
၂။ သင်ကြားမည့်ဆရာ (၂) ဦး
          ဒေါ်အေးမြတ်ချို (Manager, Engineering Department)
          ဦးထွန်းထွန်းနိုင် (E1 - ခေါင်းဆောင် )
၃။ သင်ကြားမည့် သင်တန်းသား
          သင်တန်းသား (12) ဦး
          A.C.E Construction Group Co., Ltd မှ ကန်ထရိုက်အဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော လုပ်သား ဝန်ထမ်းများ
၄။ သင်တန်း သင်ကြားမည့်နေရာ - Zeezawar Plot
၅။ သင်ကြားမည့် ဘာသာရပ်
     (က) လုပ်ငန်းခွင်အတွင်းလိုက်နာရမည့် စည်းကမ်းများ
     (ခ) လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့်
     (ဂ) လက်တွေ့လျှပ်စစ် လုပ်ငန်းများ

"ဇေကမ္ဘာပြတိုက်ကို ACE Construction Group မှ တာဝန်ယူ တည်ဆောက်မည် ။"


နေပြည်တော် ( ၂၈-၁၂-၂၀၁၆)       Share on Facebook

ACE Group of Companies ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော ACE Construction Group သည် ခရေပင်လမ်း ၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်တိုင်းတွင် ZAYKABAR Museum ကို ၂၀၁၇ ဇန်နဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး အဆောက်အဦးအမျိုးအစားမှာ V-Pile Foundation RC Concrete အမျိုးအစားဖြစ် ကြောင်း သိရ သည် ။ အဆိုပါ ဇေကမ္ဘာပြတိုက်တွင် နှစ်သန်းပေါင်း ၁၀၀ ခန့်က အကောင် ပေါင်းစုံပါ၀င်သော မြန်မာ ပယင်းအလုံးပေါင်း (၁၀၀)ကျော်နှင့် ရှေးဟေားပစ္စည်းပေါင်း (၆၀၀၀)ကျော်ကို ပြသသွားမည်ဖြစ်ပြီး အရှေ့တောင် အာရှတွင် အကြီးဆုံး ပြတိုက်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သတင်းရရှိသည်။



"A.C.E Group of Companies ၏ လုပ်ငန်းများ ISO ရရှိရေး ညှိနှိုင်းဆွေးနွေး"


နေပြည်တော်( ၂၁-၁၁-၂၀၁၆)       Share on Facebook

ACE Group of Companies နှင့် ACE Construction သည် မြန်မာပြည် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဦးဆောင်မှု အခန်းမှ ပါဝင်နိုင်ရန် ကြိုးစားလျက်ရှိပါသည် ။ ကျွန်ုပ်တို့သည် လုပ်ငန်းအတွေ့အကြုံ ၊ စီးပွားရေး အတွေ့အကြုံ များဖြင့် ပြည့်စုံသည့် အဖွဲ့အစည်း ဖြစ်ကြောင်းကို အနာဂတ် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံလိုသည့် လုပ်ဖော်ကိုင်ဖက်များ ပိုမိုသိရှိလာစေရန် ရည်ရွယ်ပြီး ISO Company အဖြစ်လျောက်ထားရန် ကြိုးစားလျက်ရှိပါသည် ။
ACE Group of Companies နှင့် ACE Construction မှ တာဝန်ရှိသူများသည် Techno Crest Company မှ Managing Director ဦးကျော်စွာကြည်နှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တွေ့ဆုံပြီး ISO လက်မှတ်ရရှိရန် လိုအပ်သော လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးခဲ့ပါသည် ။
ACE Construction Group မှ ဦး၀င်းကိုကိုလွင်( Director, Engineering Department) ၊ ဦးနိုင်ဟိန်း ( GM,ACE Consultant)၊ ဒေါ်ဆွေဇင်ဦးမောင် ( Engineer) ၊ ဒေါ်ခင်မိုးဝေ ( Engineer) ၊ ဒေါ်မြလင်း ( Engineer) တို့တက်ရောက်ခဲ့ကြပါသည် ။



" ACE Group of Companies ၏ ထူးချွန်ဝန်ထမ်းအသစ် ရွေးချယ်ရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ"


နေပြည်တော် ( ၂၃-၁၁-၂၀၁၆)       Share on Facebook

ACE Group of Companies ၏ ဝန်ထမ်းများအနက် ထူးချွန်ဝန်ထမ်းအသစ် ရွေးချယ်ရေး အတွက် Senior President ၏ လမ်းညွှန်ချက် အရ ACE Construction Group လူ့စွမ်းအား အရင်းအမြစ် ဌာနမှ ကြီးကြပ်ဖွင့်လှစ်သော ထူးချွန်ဝန်ထမ်းအသစ် ရွေးချယ်ရေးသင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နို၀င်ဘာ (၂၃) ရက်နေ့ နံနက် ( ၉ : ၃၀ )နာရီအချိန်တွင် ACE ရုံးချုပ်ရှိ Multi Function Hall ၌ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ Senior President ဦးတင့်ဆန်း တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား ၊ သင်တန်းသူ (၈၁) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ နို၀င်ဘာ (၂၃) ရက်နေ့မှ နိုဝင်ဘာ (၃၀) ရက်နေ့အထိ သင်တန်း နည်းပြ (၅)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ(၂) ရက်နေ့တွင် အရည်အချင်းစစ် စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ အဆိုပါသင်တန်း ဖွင့်ပွဲသို့ ACE Group of Companies မှ Vice President များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ပါသည်။



"ACE Construction Company ဝန်ထမ်းအသစ် ကြိုဆိုပွဲ"


နေပြည်တော် ( ၁၈-၁၁-၂၀၁၆)       Share on Facebook

ACE Group of Companies ၏ company ခွဲတစ်ခုဖြစ်သော ACE Construction Company တွင် နိုဝင်ဘာလတွင် အင်ဂျင်နီယာ ဝန်ထမ်းအသစ်များအား ခန့်ထားခဲ့ပြီး မိမိတို့ ကုမ္ပဏီမှ ဝန်ထမ်းအသစ်များအား နေထိုင်ရေးမှ အစ လိုအပ်ချက်မရှိအောင် စီစဉ်ပေးရန် Senior Predisent ၏ လမ်းညွှန်ချက်အရ အမျိုးသမီး ဝန်ထမ်းများအတွက် အပျိုဆောင် မဉ္ဇူဆောင်နှင့် သဇင်ဆောင် အား စီစဉ်ပေးခဲ့ပြီး အမျိုးသား ဝန်ထမ်းများအတွက် လူပျိုဆောင် E-4 နှင့် E-5 အား စီစဉ်ပေးခဲ့သည် ။ နိုဝင်ဘာ(၁၈) ရက်တွင် အဆိုပါ ဝန်ထမ်းသစ်များနှင့် အခြားဝန်ထမ်းများအား ကြိုဆို မိတ်ဆက်ပွဲ အခမ်းအနားကို ACE Multi Function Hall တွင်ကျင်းပပေးခဲ့ရာ ACE Construction Group ၏ MD ဦးဇော်ဖြိုးမှ ကြိုဆိုနှုတ်ဆက် စကားပြောကြားပြီး A.C.E GOC မှ တာဝန်ရှိသူ COO ဦးမိုးဇော်ထွတ်မှ ACE ဆောင်ပုဒ်ဖြစ်သော "တက်ညီလက်ညီ ရှေ့သို့ချီ ညီညာစုစည်း အေစီအီး " ဆိုသည့် အတိုင်း ညီညာစွာ လုပ်ကိုင်သွားရန် မှာကြားခဲ့သည်။ ACE Company ဖွဲ့စည်းပုံများကို တာဝန်ရှိသူများက ရှင်းလင်းပြောပြခဲ့ပါသည် ။ ထို့အပြင် ထူးချွန်ဝန်ထမ်းများ မွေးထုတ်ပေး နိုင်ရန် ရည်ရွယ်ပြီး 23.11.2016 တွင် Capacity Building မြင့်မားစေရန် ထူးချွန်သင်တန်းများလည်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဝန်ထမ်းအသစ်များကို ထောက်ပံ့ကြေးများလည်း ပေးအပ်ခဲ့ပါသည်။



"ACE Construction မိသားစုမဟာဘုံကထိန်ပွဲတော်ကျင်းပခြင်း"



နာယကကြီး ဦးတင့်ဆန်းနှင့် ဇနီးဒေါက်တာ​ဌေးဌေးငြိမ်းအား အမှုထားပြီး ၍ A.C.E Group of Companies ဝန်ထမ်းမိသားစုများစုပေါင်းမဟာ ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို မဟာဝိသုတာရမ မြို့မဈေးကုန်းကျောင်းတိုက်တွင် (၄-၁၁-၂၀၁၆) ရက်သောကြာနေ့ တွင်ကျင်းပရာ A.C.E Group of Companies ၏ နာယကကြီး ဦးတင့်ဆန်းနှင့်ဇနီးဒေါက်တာဌေးငြိမ်း တို့မှ တက်ရောက်ပြီးကထိန်သင်္ကန်း ကပ်လှူပူဇော်၍ အလှူဒါန အစုစုအား ရေးစက်ချ တရားတော်နားယူလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။



" ACE Group of Companies Limited SketchUp Design Competition"


Naypyitaw(3.11.2016)       Share on Facebook

SketchUp design competition of ACE Group of Companies Limited SketchUp Training students had held in ACE Multi Functional Hall on 3rd November 2016. As the first step of competition, students had to answer Material Creation, Design Modeling, Texturing and Rendering.



"ACE Group of Companies will work together with foreign investors "


Naypyitaw(2.11.2016)       Share on Facebook

Starting from May 2016 to Oct 2016, there were 13 meetings of foreign investors groups who would like to work with ACE Group of Companies . ACE Group of Companies is now planning to work together with foreign investment companies in Constuction,Hotel and Tourism business.



"ACE Construction မိသားစုမဟာဘုံကထိန်ပွဲတော်ကျင်းပခြင်း"


နေပြည်တော် (၂၈.၁၁.၂၀၁၆)       Share on Facebook

A.C.E Group of Companies ဝန်ထမ်းမိသားစုများ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို အောင်သီရိ ကျေးရွာ အောင်သီရိကျောင်းတိုက် တွင် (၂၈-၁၀-၂၀၁၆) ရက် သောကြာ နေ့တွင် ကျင်းပရာ A.C.E Group of Companies ၏နာယကကြီးဦးတင့်ဆန်းနှင့် ဇနီးဒေါက်တာဌေးဌေးငြိမ်း တို့မှတက်ရောက် ပြီးကထိန်သင်္ကန်းကပ်လှူပူဇော် ၍ အလှူဒါန အစုစုအား ရေစက်ချ တရား တော်နာယူလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။



"Visiting of President of China Fortune Land Development (CFLD)"


နေပြည်တော် (၁၈.၁၀.၂၀၁၆)       Share on Facebook

A.C.E Group Of Companies Limited ၏ SENIOR PRESIDENT ဦးတင့်ဆန်း အား China Fortune Land Development (CFLD) International မှ Mr. Chan Chao (General Manager) နှင့် အဖွဲ့သည် အကျိုးတူလုပ်ငန်းများဆောင်ရွတ်နိုင်ရန် အတွက် A.C.E Tower ရှိ SENIOR PRESIDENT ရုံး ဧည့်ခန်း၌ အောက်တိုဘာလ (၁၂) ရက်နေ့ ၊ နေ့လည် (၀၁:၃၀)နာရီအချိန်းတွင် လာရောက်တွေ့ဆုံရာ A.C.E Group Of Companies ၏ SENIOR PRESIDENT ဦးတင့်ဆန်းမှ လက်ခံတွေ့ဆုံ၍ အကျိုးတူလုပ်ငန်းများဆောင်ရွတ်နိုင်ရန် ဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံ ပွဲသို့ A.C.E Group Of Companies မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။



"သင်းတန်းဆင်းပွဲ နှင့် ဆုချီးမြင့်ပွဲ ကျင်းပခြင်း"


နေပြည်တော် (၁၇.၁၀.၂၀၁၆)       Share on Facebook

A.C.E Construction Group Company ၏ Safety သင်တန်းအမှတ်စဉ် (၁) နှင့် Survey သင်တန်းအမှတ်(၂) သင်တန်းများဖွင့်ပွဲနှင့် ဖွင့်လှစ်ပြီး သင်တန်းများမှ ထူးချွန်ဆုရရှိ သော သင်တန်းသားများအား ဂုဏ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၇) ရက်နေ့ ၊ နံနက် (၁၁:၁၅) နာရီ အချိန်တွင် A.C.E Tower ရှိ Multi Function Hall ၌ ကျင်းပခဲ့ရာ A.C.E Group Of Companies Limited ၏ SENIOR PRESIDENT ဦးတင့်ဆန်း တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြော ကြားခဲ့ပြီး ဖွင့်လှစ်ပြီး သင်တန်း (၇) ခု မှ သင်တန်းဆင်း ထူးချွန်ဆုရရှိသူ (၂၂) ဦးအားဂုဏ်ပြုလွှာများပေးအပ်ခဲ့ပါသည်။ ယနေ့ဖွင့်လှစ်သော Safety သင်တန်း အမှတ်စဉ် (၁) ကို အောက်တိုဘာလ (၁၇) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိ သင်တန်းသား (၁၈) ဦးဖြင့်လည်းကောင်း ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


"China Railway Construction Corporation နှင့် MOA Telenor Office Building Project စီမံကိန်း အတွက် MOA လက်မှတ်ရေးထိုးပွဲ"


နေပြည်တော် (၁၅.၁၀.၂၀၁၆)       Share on Facebook

A.C.E Group Of Companies Limited ၏ကုမ္ပဏီတစ်ခုဖြစ်သော MBD Group နှင့် တရုတ်နိုင်ငံ China Railway Construction Coporation တို့၏ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်၊ ပန်လှိုင်အိမ်ရာဝန်းအတွင်း တည်ဆောက်မည့် USD- 14 Million ခန့်တန်ဖိုးရှိ Telenor Office Building Project စီမံကိန်းအတွက် MOA လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၁၅) နာရီ အချိန်တွင် A.C.E Tower ရှိ Sky Lounge တွင် ကျင်းပရာ A.C.E Group Of Companies ၏ SENIOR PRESIDENT ဦးတင့်ဆန်း တက်ရောက် အမှာစကားပြောကြား၍ MBD Group နှင့် A.C.E Group Of Companies မှတာဝန်ရှိသူများတက်ရောက်ကြပြီး MBD Group မှ MD ဦးချမ်းသာ နှင့် China Railway Construction Corporation မှ Mr. Zhang Guangqing တို့မှ MOA လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရရှိသည်။



"တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့လာရောက်တွေ့ဆုံ"


နေပြည်တော်(၁၃.၁၀.၂၀၁၆)       Share on Facebook

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့(Ministry Of Commerce Investor Yun Nan Province People's Republic China) သည် အောက်တိုဘာလ (၁၃) ရက်နေ့ ၊ နေ့လည်(၀၁:၄၅) နာရီအချိန်တွင် A.C.E Tower သုိ႔ A.C.E Group Of Companies Limited ၏ လုပ်ငန်းများနှင့် ပတ်သက်၍ လာရောက်လေ့လာခဲ့ရာ A.C.E Group Of Companies ၏ Vice President ဦးစံကိုကိုတင့်ဆန်း မှ လက်ခံတွေ့ ဆုံးခဲ့ပြီး Conference Hall တွင် A.C.E Group Of Companies ၏ CEO ဦးဇော်မိုးဝင်းမှ နှုတ်ခွန်းဆက် အမှာစကားပြောကြား ၍ တာဝန်ရှိသူများ မှ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေး ကာ ဧည့်သည်တော်များအားSky Lounge တွင် Coffee ဖြင့်တည်ခင်းခဲ့ကြောင်း သတင်းရရှိသည်။


"China Fortune Land Development (CFLD) International မှ General Manager Mr. Chan Chao နှင့်အဖွဲ့ လာရောက်တွေ့ဆုံ"


နေပြည်တော် (၁၂.၁၀.၂၀၁၆)       Share on Facebook

A.C.E Group Of Companies Limited ၏ SENIOR PRESIDENT ဦးတင့်ဆန်းအား China Fortune Land Development (CFLD) International မှ Mr. Chan Chao (General Manager) နှင့်အဖွဲ့သည် အကျိုးတူလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် A.C.E Tower ရှိ SENIOR PRESIDENT ရုံးဧည့်ခန်း၌ အောက်တိုဘာလ (၁၂) ရက်နေ့ ၊ နေ့လည် (၀၁:၃၀) နာရီ အချိန်တွင် လာရောက်တွေ့ဆုံခဲ့ရာ A.C.E Group Of Companies ၏SENIOR PRESIDENT ဦးတင့်ဆန်း မှ လက်ခံတွေ့ ဆုံ၍အကျိုးတူလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး အဆိုပါတွေ့ဆုံပွဲသို့ A.C.E Group Of Companies မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။



" International Greentech & Eco-products Exhibition သို့တက်ရောက်ခြင်း"


နေပြည်တော် (၇.၁၀.၂၀၁၆)       Share on Facebook

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပသော International Greentech & Eco Product Exhibition and Conference Malaysia 2016 (IGM 2016) သို့တက်ရောက်ရန်အတွက် A.C.E Group of Companies Limited မှ ဦးသန်းလွင် ( Driector ,MBD Group ) ၊ ဦးနိုင်ဟိန်း(General Manage, A.C.E Consultant Group ) ၊ ဦးကျော်မင်းဇော် (General Manager MBD Group )၊Mr.Mathieu (Business Development Manager , A.C.E Group of Companies ) နှင့် ဦးမြတ်ဇော်(မလေးရှားသံရုံး−ဝန်ထမ်းဟောင်း) တို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည်အောက်တိုဘာလ(၄) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှစတင်ထွက်ခွာ ခဲ့ရာပြပွဲသို့တက်ရာက်၍ မလေးရှားနိုင်ငံမှ စီးပွား ရေးကုမ္ပဏီများ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး အောက်တိုဘာလ (၇) ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြောင်း သတင်း ရရှိသည်။



"Export Acceleration Mission "


Naypyitaw (24.8.2016)       Share on Facebook

ကုမ္ပဏီ၏လုပ်ငန်းတိုးတက်မှုမြင့်မားစေရန်အလို့ဌာရည်ရွယ် ပြီး အရှိန်အဟုန် မြှင့်တင်ရန် "Export Acceterat Mission" ကို(၂၄.၈.၂၀၁၆) Wednesday တွင် ACE Group Company ConfrenceHall တွင် ကျင်ပခဲ့ပါသည်။ အဆိုပါ အစည်းဝေးသို့ မလေးရှားနိုင်ငံမှ ပူပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသည့် အကြီးအကဲ အယောင်၅၀ဦးနှင့် ACE ကုမ္ပဏီမှ တာဝန်ရှိသူ (၂၀) ယောက်တို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်အဖွင့်အမှာစကားကို ACE Group of Company မှတာဝန်ရှိသူ CEO ဦးဇော်မိုးဝင်းမှအဖွင့်မှာစကားပြောကြား ၊ အစည်းအဝေးကိုဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် Cinsultint Manager ဦးနိုင်ဟိန်းမှ ACE Group Companies ၏ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင် နေမှုများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။မလေးရှား အဖွဲ့ဝင်များမှလည်း တစ်ဦးချင်းမိတ်ဆတ် ပြီးလုပ်ငန်းစဉ်များ အကြောင်းဆွေးနွေးကာ အစည်အဝေးကို ပိတ်သိမ်းခဲ့ပါသည်။


"Prize Giving Ceremony to Outstanding Students"


Naypyitaw (19.8.2016)       Share on Facebook

Our President give oustending prizes to each students in Project Engineer Training Course and Enhancement of Electrical Training Course of ACE Construction Company.


သမ္မတ အိမ်တော် ပုံမှန် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအား စစ်ဆေး


နေပြည်တော် (၁၈.၇.၂၀၁၆)       Share on Facebook

သမ္မတ အိမ်တော် ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအားတာဝန်ယူထားသော အဖွဲ့ ကို ACE Construction ဒါရိုက်တာမှ သွားရောက်ကြည့်ရှု့စစ်ဆေးစဉ် ။




"လွှတ်တော် ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအားစစ်ဆေး"


နေပြည်တော် (၁၁.၇.၂၀၁၆)       Share on Facebook

လွှတ်တော် ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များအား တာဝန်ယူထားသော အဖွဲ့ ကို ACE Construction ဒါရိုတ်တာမှ သွားရောက် ကြည့်ရှု့စစ်ဆေးစဉ် ။


ACE Group of Companies
ACE Construction Group
ACE Hotels and Tourisim Group
ACE Machinery Group
Myanmar Businet Development



ACE Construction Group

  • No. 5 , Shwe Thitsar Road ,
  •     DekkhinaThiri Township ,
  •     Nay Pyi Taw Myanmar.
  • Tel : +95 67 8100104 Fax : +95 67 8100105
  • Email :info@aceconstructionmm.com