|

နာယကကြီး၏ ဉယျောဇဉ်

ACE Group of Companies သည် ခိုင်မာတောင့်တင်းသော အဖွဲ့အစည်းဖြစ်သည့် အပြင် စီးပွား​ရေးနယ်ပယ်တွင် ဦးဆောင်နိုင်မှုများကြောင့် မြန်မာပြည်တွင် လူသိများလေးစားရသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည် ။ မြန်မာ့ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်မှုအခန်း ကဏ္ဏ မှ ပါ၀င်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် အောင်မြင်မှုနှင့် အတွေ့အကြုံကောင်းများကို ထိန်းသိမ်းထားလျက် ကျွန်ုပ်တို့၏ အလုပ်ရှင်များ ၊ မိတ်ဖက် အဖွဲ့အစည်းများအတွက် အကောင်းဆုံး ထုတ်ကုန်များ ၀န်ဆောင်မှုများကို ပံ့ပိုး၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားပါသည် ။

နေ့စဉ် မပြတ် နည်းပညာအသစ်များ ပြောင်းလဲနေသော ကမ္ဘာကြီး၏ နယ်ပယ်အသစ်များမှ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်လည်း အသစ်တည်ဆောက်ပြီးဖြစ်သော နေပြည်တော် ရုံးချုပ်ကြီးက အဆင်သင့်ပြင်ဆင်ထားပါသည် ။

U Tint Hsan

ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သောအတွေ့အကြုံများနှင့် ပြည်တွင်းစျေးကွက် အခြေအနေကို နားလည်ကျွမ်းကျင်မှုများ​ကြောင့် ACE Group of Companies သည် မြန်မာပြည်တွင် လုပ်ငန်းစတင်လုပ်ကိုင်ရန် ရည်ရွယ်ထားသော မိတ်ဖက်အဖွဲ့အစည်းများ အတွက် အကောင်းဆုံး တစ်ခုတည်းသော ရွေးချယ်စရာ အဖွဲ့အစည်းဖြစ်ပါသည် ။ တူညီသော အင်အားစုများကို ပေါင်းစုပြီး တန်းတူညီမျှမှုနှင့် ဖော်ရွေသော ရင်းနှီးချစ်ခင်မှုကို အ​ခြေပြုပြီး ယခုထက် ပိုမို မြင့်မားသော အောင်မြင်မှုများကို ရယူနိုင်မည်ဟုလည်း အခိုင်အမာ ယုံကြည်မိပါသည် ။

ပုသိမ်မှအစပြုခဲ့ပြီး ရန်ကုန်၊နေပြည်တော်ရှိ စီမံကိန်းများတွင် ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုအမျိုးမျိုးတို့အတွက် အကောင်းဆုံးနည်းလမ်းအသစ်များကို တီထွင်ရှာဖွေပြီး ကြိုးစားဖြတ်ကျော် နိုင်ခဲ့ကြပါသည် ။ ကျွန်ုပ်တို့၏ ထူးချွန်ထက်မြက်သော မန်နေဂျာများ၊ ၀န်ထမ်းကောင်းခေါင်းဆောင်များ၏ ဦးဆောင်မှု​ကြောင့်လည်း မြန်မာပြည်ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသည် ။ ကျွန်ုပ်တို့တန်ဖိုးထားသော ဖြောင့်မတ်မှန်ကန်မှု ၊ ကတိတည်ကြည်မှုနှင့် ရိုးသားမှုတို့ကို အရင်းပြုလျက် အခြားစီးပွားရေး နယ်ပယ်များဖြစ်သော စက်မှုလုပ်ငန်း ၊ ဟိုတယ်နှင့် ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်း ၊ အိမ်ခြံမြေလုပ်ငန်းနှင့် ဖြော်​ဖြေရေးလုပ်ငန်းတို့တွင်လည်း အောင်မြင်စွာ ရင်းနှီးမြုပ်နှံ နိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီ ၏ တိုးတက်မှုကို ရေရှည်ထိန်းသိမ်းနိုင်စေရန်အတွက် အကျိုးအမြတ် ရရှိနိုင်သော စီမံကိန်းများကို စံနစ်တကျ ရွေးချယ်ဆုံးဖြတ်ကာ လုပ်ဆောင်ခြင်းဖြင့် ရှယ်ယာပိုင်ရှင်များ ၊ ၀န်ထမ်းများ၏ အနာဂတ်လုံခြုံမှုကို အကောင်းဆုံး ထိန်းသိမ်းသွားရမည်ဖြစ်ပါသည်။ လက်တွဲလုပ်​ဆောင်လိုသော မိတ်ဖက်အဖွဲ့အစည်းများ ရင်းနှီးမြုပ်နှံသူများကိုလည်း ပိုမိုအောင်မြင်စေရန် လက်တွဲကူညီလိုသည့်အတွက် မြန်မာ့စီးပွားရေးတိုးတက်စေမည့် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ပူးပေါင်းလုပ်ဆောင်လိုပါကလည်း ၀မ်းမြောက်စွာ ကြိုဆိုပါသည်။

ကျွန်ုပ်တို့ နိုင်ငံနှင့် လူမျိုးအပေါ် ယုံကြည်လျက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို စိတ်အားထက်သန်ယုံကြည်စွာ စောင့်မျှော်လျက် ရှိပါသည် ။

ACE Group of Companies
ACE Construction Group
ACE Hotels and Tourisim Group
ACE Machinery Group
Myanmar Businet Development



ACE Construction Group

  • No. 5 , Shwe Thitsar Road ,
  •     DekkhinaThiri Township ,
  •     Nay Pyi Taw Myanmar.
  • Tel : +95 67 8100104 Fax : +95 67 8100105
  • Email :info@aceconstructionmm.com